Sangha Pawarana San Francisco Bay Area USA
၂၀၂၆ အမေရိကန်နိုင်ငံ
ဆန်ဖရန်စစ်စကို ဗေးဧရိယာရှိ သံဃာတော်များ သံဃ ပဝါရဏာ
သာသနာနှစ် ၂၅၇၀၊
ခရစ်နှစ် ၂၀၂၆၊ မြန်မာသက္ကရာဇ် ၁၃၈၈-ခု သီတင်းကျွတ်လပြည့်နေ့ နံနက် ၉ နာရီ
ယခုနှစ် ကုသလကာရီ
ဓမ္မရိပ်သာတွင်
သံဃာတော် ၃၃ ပါး
စုပေါင်း၍ သံဃပဝါရဏာ ပြုကြပါသည်။
-Kusalakari Meditation Center- 9698 S Priest Rode,
French Camp, CA 95231 –
"ပဝါရဏာဟူသည်
ဆိုဆုံးမရန် ဖိတ်ကြားခြင်း"
သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယဝါ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။
အရှင်ဘုရားတို့
တပည့်တော်သည် သံဃာတော်ကို ဖိတ်မန္တကပြုပါသည်။ တပည့်တော်၏အပြစ်ကို မြင်သည်ဖြစ်စေ၊
ကြားလျှင်ဖြစ်စေ၊ ယုံမှားသံသယရှိလျှင်ဖြစ်စေ၊
တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့်
ဆုံးမပြောဆိုကြပါဘုရား၊ အရှင်ဘုရားတို့
ဆုံးမသည့်အတိုင်း တပည့်တော်မှာ အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင် တပည့်တော် လိုက်နာပြုပြင်ပါ့မည်ဘုရား။

Comments
Post a Comment