Sangha Pawarana San Francisco USA
၂၀၂၄ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကို ဗေးဧရိယာရှိ သံဃာတော်များ သံဃ ပဝါရဏာ
သာသနာနှစ် ၂၅၆၈၊ ခရစ်နှစ် ၂၀၂၄၊ မြန်မာသက္ကရာဇ် ၁၃၈၆-ခု သီတင်းကျွတ်လပြည့်နေ့
ယခုနှစ် ကုသလကာရီ ဓမ္မရိပ်သာတွင်
သံဃာတော် ၄၃ ပါး စုပေါင်း၍ သံဃပဝါရဏာ ပြုကြပါသည်။
-Kusalakari Meditation Center- 9698 S Priest Rode, French Camp, CA 95231
ပဝါရဏာဟူသည် ဆိုဆုံးမရန် ဖိတ်ကြားခြင်း
သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ သုတေန ဝါ ပရိသင်္ကာယ ဝါ ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ။
အရှင်ဘုရားတို့ တပည့်တော်သည် သံဃာတော်ကို ဖိတ်မန္တကပြုပါသည်။ တပည့်တော်၏အပြစ်ကို မြင်သည်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ ယုံမှားသံသယရှိလျှင်ဖြစ်စေ၊ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ဆုံးမပြောဆိုကြပါဘုရား၊ အရှင်ဘုရားတို့ ဆုံးမသည့်အတိုင်း တပည့်တော်မှာ အပြစ်ရှိနေသည်ဟု တွေ့မြင်ရလျှင် တပည့်တော် လိုက်နာပြုပြင်ပါ့မည်ဘုရား။
Thursday, October 17, 2024
Comments
Post a Comment